အမျိုးသားကျန်းမာရေးအာမခံစနစ်(国民健康保険制度)

更新日:2026年11月11日

အများပြည်သူဆိုင်ရာကျန်းမာရေးအာမခံစနစ် ဆိုသည်မှာ ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဆေးကုသမှုခံယူသည့်အခါ ဆေးကုသစရိတ်အတွက် မိမိကိုယ်တိုင်ပေးဆောင်ရမည့် ပမာဏကို လျှော့ချနိုင်စေရန် ရည်ရွယ်ထားသော စနစ်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် နေထိုင်သူတိုင်းသည် အများပြည်သူဆိုင်ရာ ကျန်းမာရေးအာမခံစနစ်တစ်ခုခုတွင် မဖြစ်မနေဝင်ရောက်ထားရမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ အများပြည်သူဆိုင်ရာ ကျန်းမာရေးအာမခံစနစ်ကို အဓိကအားဖြင့် ၂ မျိုး ခွဲခြားနိုင်ပါသည်။ ကုမ္ပဏီ၊ လုပ်ငန်းဌာန စသည်တို့တွင် အလုပ်လုပ်ကိုင်သူများ ဝင်ရောက်ထားရသော ကျန်းမာရေးအာမခံ (健康保険) နှင့် ၎င်းအာမခံတွင်မဝင်ရောက်ထားသူများဝင်ရောက်ထားရသော အမျိုးသားကျန်းမာရေးအာမခံ (国民健康保険) တို့ဖြစ်ပါသည်။

အလုပ်ခွင်၏ ကျန်းမာရေးအာမခံတွင် ဝင်ရောက်ထားခြင်းမရှိသူများသည် အမျိုးသားကျန်းမာရေးအာမခံတွင် ဝင်ရောက်ရန် လိုအပ်ပါသည်။ အမျိုးသားကျန်းမာရေးအာမခံတွင် ဝင်ရောက်ထားသူသည် အလုပ်ခွင်၏ ကျန်းမာရေးအာမခံသို့ ပြောင်းလဲဝင်ရောက်သည့်အခါ အမျိုးသားကျန်းမာရေးအာမခံမှ နုတ်ထွက်ရန် လိုအပ်ပါသည်။

အာမခံဝင်ရောက်ခြင်း(加入)

အမျိုးသားကျန်းမာရေးအာမခံဝင်ထားသူတိုင်းကို ကျန်းမာရေးအာမခံကဒ် သို့မဟုတ် အာမခံအချက်အလက်အသိပေးစာ တစ်မျိုးမျိုးကို ထုတ်ပေးပါသည်။ အာမခံဝင်ထားကြောင်း သက်သေပြသည့် အရေးကြီးသော စာရွက်စာတမ်းဖြစ်သောကြောင့် ဆေးကုသမှုခံယူသည့်အခါ မဖြစ်မနေ ယူဆောင်သွားပါ။
အလုပ်ခွင်ကျန်းမာရေးအာမခံနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများအတွက် အလုပ်ရှင်ထံ မေးမြန်းပါ။

【သတိပြုရန်】အာမခံအချက်အလက် အသိပေးစာကို  မိုင်နံဘာကဒ်(My Number ကျန်းမာရေးအာမခံကဒ်) အသုံးပြုရန် မှတ်ပုံတင်ထားသူများအတွက်သာ ထုတ်ပေးပါသည်။ ၎င်းတစ်ခုတည်းဖြင့် ဆေးကုသမှုခံယူ၍ မရပါ။ မိုင်နံဘာကဒ် နှင့်အတူ မဖြစ်မနေ ပြသရပါမည်။

အာမခံမှရရှိနိုင်သောအကျိုးခံစားခွင့်များ(保険給付)

ဆေးကုသစရိတ်အတွက် မိမိကိုယ်တိုင် ပေးဆောင်ရမည့် ပမာဏ(医療費の自己負担)

အမျိုးသားကျန်းမာရေးအာမခံ တွင် ဝင်ရောက်ထားသူများသည် ဆေးကုသစရိတ်၏ အောက်ပါရာခိုင်နှုန်းကို မိမိကိုယ်တိုင် ပေးဆောင်ရပါသည်။

  • ၆ နှစ်အောက် (မူလတန်းကျောင်း မတက်ရသေးသူ) … ၂၀ ရာခိုင်နှုန်း
  • ၇၀ နှစ်အောက် … ၃၀ ရာခိုင်နှုန်း
  • ၇၀ နှစ်မှ ၇၄ နှစ်အထိ … ၂၀ ရာခိုင်နှုန်း (လက်ရှိအလုပ်လုပ်ကိုင်သူများနှင့် တူညီသော ဝင်ငွေရှိသူများမှာ ၃၀ ရာခိုင်နှုန်း)

ကုန်ကျစရိတ်မြင့်မားသော ဆေးကုသမှုအတွက် ပြန်လည်ထောက်ပံ့ငွေ(高額療養費)

ဆေးရုံ၊ ဆေးခန်းများတွင် တစ်လအတွင်း မိမိကိုယ်တိုင် ပေးဆောင်ခဲ့ရသော ဆေးကုသစရိတ်သည် သတ်မှတ်ထားသည့် အများဆုံးပမာဏထက် ကျော်လွန်ပါက လျှောက်ထားခြင်းဖြင့် 「ကျော်လွန်သည့်ငွေပမာဏ」ကို ပြန်လည်ရရှိနိုင်ပါသည်။
ငွေပြန်လည်ရရှိခွင့်ရှိပါက ဆေးကုသမှုခံယူခဲ့သည့်လမှ ၃ လခန့်အကြာတွင် အမျိုးသားကျန်းမာရေးအာမခံနှင့် ပင်စင်ဌာန(国保年金課)မှ အိမ်ထောင်စုဦးစီးထံ လျှောက်လွှာပေးပို့ပါမည်။ဆေးရုံ၊ ဆေးခန်းမှ မိမိကိုယ်တိုင် ပေးဆောင်ရမည့်ကုန်ကျစရိတ်အများဆုံးပမာဏကို သတ်မှတ်သည့် လက်မှတ်「限度額適用認定書」ကို ပြသရန် တောင်းဆိုပါက အမျိုးသားကျန်းမာရေးအာမခံနှင့် ပင်စင်ဌာန တွင် လျှောက်ထားပါ။ ထိုလက်မှတ်ကို ဆေးရုံ၊ ဆေးခန်းရှိ ငွေပေးချေရာကောင်တာတွင် ပြသပါက မိမိကိုယ်တိုင် ပေးဆောင်ရမည့် ဆေးကုသစရိတ်ကို သတ်မှတ်ထားသည့် အများဆုံးပမာဏအထိ လျှော့ချနိုင်ပါသည်။

ကလေးမွေးဖွားမှုအတွက် တစ်ကြိမ်တည်း ထောက်ပံ့ကြေး(出産育児一時金)

အမျိုးသားကျန်းမာရေးအာမခံတွင် ဝင်ရောက်ထားသူ ကလေးမွေးဖွားသည့်အခါ ကလေးမွေးဖွားမှုအတွက် တစ်ကြိမ်တည်း ထောက်ပံ့ကြေးကို ပေးအပ်ပါသည်။ ကြိုတင်လျှောက်ထားရန် လိုအပ်ခြင်း ရှိ၊ မရှိကို ဆေးရုံသို့ မေးမြန်းပါ။
ကြိုတင်လျှောက်ထားရန် မလိုအပ်ဘဲ ကလေးမွေးဖွားစရိတ်သည် ထောက်ပံ့ကြေးထက် နည်းပါက ကလေးမွေးဖွားပြီးနောက် လျှောက်ထားခြင်းဖြင့် ကျန်ရှိသော ငွေပမာဏကို ပြန်လည်ရရှိနိုင်ပါသည်။
နိုင်ငံခြားတွင် ကလေးမွေးဖွားခဲ့ပါက ကလေးမွေးဖွားသူသည် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးမှ လျှောက်ထားပါ။

အသုဘစရိတ်ထောက်ပံ့ကြေး(葬祭費)

အမျိုးသားကျန်းမာရေးအာမခံတွင် ဝင်ရောက်ထားသူ ကွယ်လွန်သည့်အခါ အသုဘအခမ်းအနားကို ကျင်းပပေးသူအား ယန်း ၃၀,၀၀၀ ထောက်ပံ့ပေးပါသည်။ ထောက်ပံ့ကြေးရရှိရန် အမျိုးသားကျန်းမာရေးအာမခံနှင့် ပင်စင်ဌာန (国保年金課) တွင် လျှောက်ထားပါ။

အာမခံကြေးသတ်မှတ်ပုံ(保険税の決め方)

အမျိုးသားကျန်းမာရေးအာမခံကြေးကို အခြေခံအာမခံကြေး၊ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအာမခံစနစ်အတွက် ထောက်ပံ့ကြေး၊ ပြုစုစောင့်ရှောက်မှုအာမခံကြေးနှင့် ကလေးပြုစုပျိုးထောင်ရေး ထောက်ပံ့ကြေးတို့ကို ပေါင်းစပ်၍ သတ်မှတ်ကောက်ခံပါသည်။
အာမခံကြေးကို အမျိုးအစားတစ်ခုစီအလိုက် အာမခံဝင်ထားသူ၏ ယခင်နှစ်ဝင်ငွေအပေါ် မူတည်၍ တွက်ချက်သည့် ဝင်ငွေအလိုက် ပေးဆောင်ရမည့် ပမာဏ၊ အာမခံဝင်ထားသူတစ်ဦးချင်းစီအလိုက် ပေးဆောင်ရမည့် ပမာဏနှင့် အိမ်ထောင်စုတစ်စုချင်းစီအလိုက် ပေးဆောင်ရမည့် ပမာဏတို့ကို ပေါင်း၍ တွက်ချက်ပါသည်။

အာမခံအခွန် သတ်မှတ်ပုံ

အမျိုးအစား

အခွန်ကျသင့်မည့်အရာ

အခြေခံပမာဏ

သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ကြေး

ခိုင်းဂေါ့အာမခံကြေး(40နှစ်နှင့်အထက်60နှစ်နှင့်အောက်)

ကလေးသူငယ်

ပြုစုစောင့်ရှောက်မှု

အာမခံကြေး

ဝင်ငွေခွန်နှုန်းထား

ဝင်ငွေပမာဏပေါ်မူတည်၍

7.71%

2.82%

2.52%

0.29%

တစ်ဦးချင်းကျသင့်ငွေ

အာမခံဝင်ထားသူတစ်ဦးလျှင်

33,195ယန်း

12,245ယန်း

12,937 ယန်း

1,247ယန်း

18နှစ်နှင့်အထက်တစ်ဦးချင်းကျသင့်ငွေ

အာမခံဝင်ထားသူတစ်ဦးလျှင်

ー

ー

ー

74 ယန်း

အိမ်ထောင်စုအလိုက်ကျသင့်ငွေ

အိမ်ထောင်စုတစ်စုလျှင်

21,294ယန်း

7,721 ယန်း

6,261 ယန်း

790 ယန်း

အများဆုံးသတ်မှတ်အခွန်ပမာဏ

ー

ယန်း67သောင်း

ယန်း26သောင်း

ယန်း17သောင်း

ယန်း 3သောင်း

အမျိုးသားကျန်းမာရေးအာမခံကြေး ပေးဆောင်ခြင်း(国民健康保険税の納付)

အမျိုးသားကျန်းမာရေးအာမခံကြေး ကို အိမ်ထောင်စုတစ်စုချင်းစီအလိုက် တွက်ချက်ပြီး အာမခံဝင်ထားသူများ၏ ယခင်နှစ် ဂျပန်နိုင်ငံအတွင်း ဝင်ငွေနှင့် အိမ်ထောင်စုဝင်အရေအတွက် စသည်တို့အပေါ် မူတည်၍ သတ်မှတ်ပါသည်။ ထို့ကြောင့် ဝင်ငွေ သို့မဟုတ် အာမခံဝင်ထားသော အိမ်ထောင်စုဝင်အရေအတွက် တိုးလာပါက အာမခံကြေးလည်း တိုးပါမည်။ အိမ်ထောင်စုဦးစီးသည် အာမခံကြေးကို ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါသည်။

အာမခံကြေး ပေးဆောင်နည်း(納付方法)

ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်ခြင်း

အမျိုးသားကျန်းမာရေးအာမခံနှင့်ပင်စင်ဌာန(国保年金課)သို့မဟုတ် သက်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းတွင် လျှောက်ထားပါ။

ငွေပေးချေမှုစာရွက်ဖြင့် ငွေသားပေးဆောင်ခြင်း

အမျိုးသားကျန်းမာရေးအာမခံနှင့်ပင်စင်ဌာန(国保年金課)မှ ပေးပို့သော ငွေပေးချေမှုစာရွက်ကို အသုံးပြု၍ အောက်ပါနေရာများတွင် ငွေသားဖြင့် ပေးဆောင်နိုင်ပါသည်။

  • သက်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ
  • စာတိုက်
  • ကွန်ဗီနီများ

PayB・PayPay(မိုဘိုင်းအက်ပ်ဖြင့် ငွေပေးချေခြင်း)

သက်ဆိုင်ရာ အက်ပ်ကို ဒေါင်းလုဒ်လုပ်၍ ငွေပေးချေနိုင်ပါသည်။

ဝင်ငွေတင်ပြခြင်း(所得申告)          

ဝင်ငွေသည် သတ်မှတ်ထားသော ပမာဏထက် နည်းပါက အာမခံကြေး လျှော့ပေါ့ပေးသည့် စနစ်ရှိပါသည်။ သို့သော် ဝင်ငွေကို တင်ပြထားခြင်းမရှိပါက ထိုလျှော့ပေါ့ခွင့်ကို ရရှိနိုင်မည်မဟုတ်ပါ။ ဝင်ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မဖြစ်မနေ ဝင်ငွေကိုတင်ပြပါ။

အောက်ပါအခြေအနေများတွင် အာမခံကြေး လျှော့ပေါ့ပေးပါသည်(次の場合は、保険税が軽減されます)

ယခင်နှစ် စုစုပေါင်းဝင်ငွေ သတ်မှတ်ပမာဏအောက်ရှိသော အိမ်ထောင်စုများ(前年の総所得金額等が一定額以下の世帯)

တစ်ဦးချင်းနှင့် အိမ်ထောင်စုအလိုက် သတ်မှတ်ကြေး လျှော့ပေါ့နှုန်း ၇၀%၊ ၅၀%၊ ၂၀%

※ အာမခံဝင်ထားသူ သို့မဟုတ် အိမ်ထောင်စုဦးစီးက ဝင်ငွေတင်ပြ ထားခြင်းမရှိပါက လျှော့ပေါ့ခွင့်ကို ရရှိမည်မဟုတ်ပါ။ ဝင်ငွေမရှိသူများနှင့် အခြားသူ၏ မှီခိုသူများလည်း ဝင်ငွေကြေညာရန် လိုအပ်ပါသည်။

မူလတန်းကျောင်းမတက်ရသေးသော ကလေးများအတွက် အာမခံကြေး လျှော့ပေါ့ပေးခြင်း(未就学児に係る均等割額は減額されます)

မူလတန်းကျောင်းမတက်ရသေးသော ကလေးများအတွက် တစ်ဦးချင်းအလိုက် ပေးဆောင်ရသော အာမခံကြေး၏ တစ်ဝက်ကို လျှော့ပေါ့ပေးပါသည်။ (လျှောက်ထားရန် မလိုအပ်ပါ။) အိမ်ထောင်စု၏ စုစုပေါင်းဝင်ငွေအပေါ် မူတည်၍ အာမခံကြေး လျှော့ပေါ့ခွင့်ရရှိထားပါက လျှော့ပေါ့ပြီးနောက် ကျန်ရှိသော အာမခံကြေး၏ တစ်ဝက်ကို ထပ်မံလျှော့ပေါ့ပေးပါသည်။

မိမိဆန္ဒမပါဘဲ အလုပ်လက်မဲ့ဖြစ်သူများအတွက် အာမခံကြေး လျှော့ပေါ့ပေးခြင်း(非自発的失業者に対する保険税の軽減制度)

အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီ၏ ဒေဝါလီခံခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခံရခြင်းစသည့် မိမိဆန္ဒမပါဘဲ အလုပ်လက်မဲ့ဖြစ်ပြီး အလုပ်လက်မဲ့အာမခံကြေးကို ရရှိသူများသည် လျှောက်ထားခြင်းဖြင့် အာမခံကြေး လျှော့ပေါ့ခွင့်ရရှိနိုင်ပါသည်။ အလုပ်မှ ထွက်ခွာသည့်နေ့တွင် အသက် ၆၅ နှစ်အောက် ဖြစ်ရမည်။

သဘာဝဘေးအန္တရာယ်၊ အလုပ်လက်မဲ့ဖြစ်ခြင်း စသည့် အထူးအခြေအနေများရှိသည့်အခါ(天災、失業など特別な事情があるとき)

အာမခံကြေးပေးဆောင်ရမည့် နောက်ဆုံးရက်မတိုင်မီ အနည်းဆုံး ၇ ရက်အလိုတွင် လျှောက်ထားရန် လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် မီးဖွားမတိုင်မီနှင့် မီးဖွားပြီးကာလ အာမခံကြေး ကင်းလွတ်ခွင့်(国民健康保険税の産前産後期間の免除)

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ အမျိုးသားကျန်းမာရေးအာမခံကြေးကို မီးဖွားမတိုင်မီနှင့် မီးဖွားပြီးကာလအတွက် ကင်းလွတ်ခွင့်ပေးသည့် စနစ် စတင်ခဲ့ပါသည်။ မီးဖွားမည့်ရက်မတိုင်မီ ၆ လအလိုမှ စတင်လျှောက်ထားနိုင်ပြီး မီးဖွားပြီးနောက်တွင်လည်း လျှောက်ထားနိုင်ပါသည်။

အောက်ပါအခြေအနေများတွင် ၁၄ရက်အတွင်း မဖြစ်မနေ အကြောင်းကြားပါ(こんなときは14日以内に届出を!)

အာမခံဝင်ရောက်ခြင်း၊ ပြောင်းလဲခြင်းစသည့် လုပ်ထုံးလုပ်နည်းများကို နောက်ကျမှ ဆောင်ရွက်ပါကလည်း အာမခံကြေးကို ယခင်ကာလများအတွက် နောက်ကြောင်းပြန်၍ ပေးဆောင်ရမည်ဖြစ်ပါသည်။

  • ဟိဂရှိဟိရိုရှီးမားမြို့သို့ ပြောင်းရွှေ့လာသည့်အခါ သို့မဟုတ် အခြားနေရာသို့ ပြောင်းရွှေ့ခြင်း (ဂျပန်နိုင်ငံမှ ထွက်ခွာခြင်း) ပြုလုပ်သည့်အခါ
  • အလုပ်ခွင်၏ ကျန်းမာရေးအာမခံသို့ ဝင်ရောက်သည့်အခါ သို့မဟုတ် အာမခံမှ နုတ်ထွက်သည့်အခါ
  • အာမခံဝင်ထားသူ၏ ကလေးမွေးဖွားသည့်အခါ
  • အာမခံဝင်ထားသူ ကွယ်လွန်သည့်အခါ
  • အာမခံစာရွက်စာတမ်းတွင် ဖော်ပြထားသော အချက်အလက်များ ပြောင်းလဲသည့်အခါ

ဘဏ္ဍာ​ရေးနှစ်အတွင်း အမျိုးသားကျန်းမာရေးအာမခံသို့ ဝင်ရောက်ခြင်း၊နှုတ်ထွက်ခြင်းပြုလုပ်သည့်အခါ(年度途中で国保に加入・脱退したときは・・・)

ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားကျန်းမာရေးအာမခံ သို့ ဝင်ရောက်ပါက စတင်ဝင်ရောက်ခွင့်ရရှိသည့်လမှစ၍ အာမခံကြေးကို တွက်ချက်ပါသည်။ အာမခံမှ နုတ်ထွက်ပါက နုတ်ထွက်သည့်လမှစ၍ အာမခံကြေး ပေးဆောင်ရန် မလိုအပ်တော့ပါ။
တစ်ကြိမ်ချင်း ပေးဆောင်ရမည့် အာမခံကြေးပမာဏသည် တစ်လစာ အာမခံကြေးနှင့် မတူညီသောကြောင့် အာမခံမှ နုတ်ထွက်ပြီးနောက်တွင်လည်း ပေးဆောင်ရန် ကျန်ရှိသော အာမခံကြေး ရှိနိုင်ပါသည်။

အခြားကျန်းမာရေးအာမခံသို့ဝင်ရောက်ခြင်း စသည်တို့ကြောင့် အမျိုးသားကျန်းမာရေးအာမခံမှနှုတ်ထွက်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း(他の健康保険への加入等による国保の脱退手続き)

အလုပ်ခွင်မှ ကျန်းမာရေးအာမခံ စသည်တို့တွင် ဝင်ရောက် သည့်အခါ၊ ထိုအာမခံ၏ မှီခိုသူအဖြစ် သတ်မှတ်ခံရသည့်အခါ သို့မဟုတ် အခြားမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်သည့်အခါ အမျိုးသားကျန်းမာရေးအာမခံမှ နုတ်ထွက်ရန် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရပါမည်။
လုပ်ထုံးလုပ်နည်းများကို မဆောင်ရွက်ပါက အာမခံအခွန်ကို ဆက်လက်ကောက်ခံခံရနိုင်ပြီး၊ အခွန်ပေးဆောင်ရန် သတိပေးစာ ရောက်ရှိလာနိုင်ပါသည်။

အခြားမြို့သို့ပြောင်းရွှေ့ခြင်း၊ဂျပန်နိုင်ငံမှထွက်ခွါခြင်းပြုလုပ်သည့်အခါ(転出・出国するときは)

ဟိဂရှိဟိရိုးရှိမားမှအခြားမြို့သို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် ဂျပန်နိုင်ငံမှ ထွက်ခွာခြင်း ပြုလုပ်ပါက တတ်နိုင်သ၍အမြန်ဆုံးအမျိုးသားကျန်းမာရေးအာမခံ (国民健康保険) မှ နုတ်ထွက်ရန်အမျိုးသားကျန်းမာရေးနှင့်အခွန်ဌာန(国保年金課)တွင် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပါ။ပြောင်းရွှေ့ခြင်း သို့မဟုတ် ဂျပန်နိုင်ငံမှ ထွက်ခွာသည့်လနောက်ပိုင်းအတွက် အာမခံကြေးကို ကြိုတင်ပေးဆောင်ထားပါကလျှောက်ထားရန်နှောင့်နှေးခြင်းကြောင့် ပေးဆောင်ထားသောအာမခံကြေးကို ပြန်လည်မပေးအပ်နိုင်တော့မည့်အခြေအနေ ဖြစ်လာနိုင်ပါသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွါးသည့်အခါ(交通事故に遭ったとき)

အမျိုးသားကျန်းမာရေးအာမခံတွင် ဝင်ရောက်ထားသူသည် ယာဉ်မတော်တဆမှု စသည်တို့ကြောင့် ထိခိုက်ဒဏ်ရာရပါကအမျိုးသားကျန်းမာရေးအာမခံနှင့် ပင်စင်ဌာန(国保年金)သို့ မဖြစ်မနေ အကြောင်းကြားပါ။ပုံမှန်အားဖြင့် ထိခိုက်ဒဏ်ရာရစေသူက ဆေးကုသစရိတ်ကို ပေးဆောင်ရမည်ဖြစ်ပါသည်။ သို့သော် ထိုသူထံမှ ဆေးကုသစရိတ်ကို ချက်ချင်းရရှိရန် မမျှော်လင့်နိုင်သည့်အခါ အမျိုးသားကျန်းမာရေးအာမခံက အာမခံအကျုံးဝင်သော ဆေးကုသစရိတ်ကို ယာယီပေးဆောင်ပြီး နောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရစေသူထံမှ ပြန်လည်တောင်းခံပါသည်။အကြောင်းကြားခြင်းမရှိပါက ကျန်းမာရေးအာမခံဘက်မှ ပေးဆောင်ရမည့် ကုန်ကျစရိတ် တိုးလာပြီး အာမခံကြေးလည်း တိုးလာနိုင်ပါသည်။

ဆက်သွယ်မေးမြန်းရန်လိပ်စာ(問い合わせ)

အမျိုးသားကျန်းမာရေးအာမခံနှင့် ပင်စင်ဌာန(国保年金課)   ပင်မရုံးအဆောက်အအုံ ပထမထပ်     ဆက်သွယ်ရန်ဖုန်း:082-420-0933

Please let us know your opinions.

Caution:

Please note that we will not respond to the contents entered in this questionnaire.

Please click here for inquiries.

Question 1
Where do you live now?


Question 2
Was the information on this page helpful?


Question 3
If you have any comments or requests about this website, please feel free to write them here.