အိမ်သုံးအမှိုက် စွန့်ပစ်နည်း (家庭ごみの出し方)
အိမ်သုံးအမှိုက် စွန့်ပစ်နည်း (家庭ごみの出し方)
အိမ်သုံးအမှိုက်များကို အမှိုက်သိမ်းဆည်းရေးကုမ္ပဏီက လာရောက်သိမ်းဆည်းပါသည်။
ထို့ကြောင့်သတ်မှတ်ထားသောနေရာ၊သတ်မှတ်ထားသောရက်နှင့်သတ်မှတ်ထားသော နည်းလမ်းအတိုင်း စွန့်ပစ်ရမည်ဖြစ်ပြီး၊ မလိုက်နာပါက အမှိုက်ကို မသိမ်းဆည်းပေးပါ။
Higashihiroshimaမြို့၏အမှိုက်ခွဲခြားပစ်နည်းနှင့် အမှိုက်သိမ်းရက်များကို ရှင်းလင်းဖော်ပြထားသော လက်ကမ်းစာစောင်ရှိသောကြောင့် ၎င်းကို ကိုးကားအသုံးပြုပါ။
လက်ကမ်းစာစောင်ကို မြို့တော်ရုံး (市役所)၊ ဌာနခွဲရုံး (支所) နှင့် ဒေသရုံး (出張所) များတွင် အခမဲ့ ရယူနိုင်ပါသည်။
အိမ်သုံးသတ်မှတ်အမှိုက်အိတ်အသုံးပြုသူများ(家庭系指定ゴミ袋を使用する方)
ဟီဂရှိဟီရိုရှီးမားမြို့အိမ်သုံးအမှိုက်စွန့်ပစ်နည်း(家庭ごみの出し方)(PDFファイル:494.1KB)
家庭ごみの出し方チラシ日本語版(PDFファイル:2.8MB)
လုပ်ငန်းသုံးသတ်မှတ်အမှိုက်အိတ်(အနီ၊အပြာ)အသုံးပြုသောတိုက်ခန်း/အခန်းငှားနေသူများ (事業系指定ゴミ袋(赤色・青色)を使用するアパート・マンションにお住いの方)
ဟီဂရှိဟီရိုရှီးမားမြို့အိမ်သုံးအမှိုက်စွန့်ပစ်နည်း(家庭ごみの出し方)(PDFファイル:484.1KB)
ဟီဂရှီဟီရိုးရှီးမားမြို့၏ သတ်မှတ်အမှိုက်အိတ်များ (東広島市のごみ指定袋)
အိမ်သုံးအမှိုက်များကို မြို့ကသတ်မှတ်ထားသောအမှိုက်အိတ် ဖြင့်သာ စွန့်ပစ်ရပါသည်။
အမှိုက်အမျိုးအစားအလိုက်အိတ်အရောင်သီးခြားသတ်မှတ်ထားပြီး၊သတ်မှတ်ထားသောအရောင်မဟုတ်သောအိတ်ဖြင့်စွန့်ပစ်ပါက အမှိုက်ကို မသိမ်းပေးပါ။
အမှိုက်အိတ်များကိုစူပါမားကတ်၊ကွန်ဗီနီ(ConvenienceStore)စသည့်ဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။
အိမ်သုံးသတ်မှတ်အမှိုက်အိတ်(လိမ္မော်ရောင်နှင့်ခရမ်းရောင်) (家庭系ごみ指定袋(オレンジ色と紫色))
မီးရှို့နိုင်သောအမှိုက်၊အန္တရာယ်ရှိသောအမှိုက်၊ အဆိပ်အတောက်ပါသောအမှိုက်
(燃やせるごみ、危険ごみ、有害ごみ用)
※ အထက်ပါအမှိုက်၃ မျိုးကို တစ်အိတ်တည်းရောမထည့်ရပါ။
ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်၊အခြားပလတ်စတစ်၊ပလတ်စတစ်ရေဗူး၊ ဖန်ပုလင်းနှင့်သံဘူး
(ビン・缶、リサイクルプラ、ペットボトル用)
※အထက်ဖော်ပြပါ အမှိုက်အမျိုးအစားများကို တစ်အိတ်တည်းတွင် မထည့်ပါနှင့်။
လုပ်ငန်းသုံး သတ်မှတ်အမှိုက်အိတ် (အနီနှင့် အပြာ) (事業系ごみ指定袋(赤色と青色))
မီးရှို့နိုင်သောအမှိုက်
(燃やせるごみ用)
ဖန်ပုလင်းနှင့် သံဘူး
(ビン・缶用)
သတိပြုရန်
အချို့သောတိုက်ခန်းများနှင့်အိမ်ရာများတွင်လုပ်ငန်းသုံးအမှိုက်အိတ်(အနီ/အပြာ)ကိုအသုံးပြုရနိုင်ပါသည်။အိမ်သုံးအမှိုက်နှင့်လုပ်ငန်းသုံးအမှိုက်၏ ခွဲခြားနည်းများ မတူညီသောကြောင့် မိမိနေထိုင်သော တိုက်ခန်း၏ စည်းမျဉ်းများကို ကြိုတင်စစ်ဆေးထားပါ။
အမှိုက်အိတ် အခမဲ့ထုတ်ပေးခြင်း (ごみ指定袋の交付)
အသက်၂နှစ်မပြည့်သေးသောကလေးကိုပြုစုစောင့်ရှောက်နေသူများအတွက်၊အသက်၂နှစ်မပြည့်သေးသော ကလေးတစ်ဦးလျှင် တစ်ကြိမ်၊ အသက်၂နှစ်မပြည့်မီအသုံးပြုနိုင်မည့် ပမာဏရှိသော သတ်မှတ်အမှိုက်အိတ်ကိုအခမဲ့ထုတ်ပေးပါသည်။မလျှောက်ထားမီမိမိအသုံးပြုနေသော အမှိုက်အိတ်အရောင်(လိမ္မော်ရောင်သို့မဟုတ်အနီရောင်)ကို ကြိုတင်စစ်ဆေးပြီး အမှိုက်စီမံရေးဌာန (廃棄物対策課) သို့လာရောက်လျှောက်ထားပါ။
အသက်၂နှစ်မပြည့်သေးသောကလေးကိုပြုစုစောင့်ရှောက်နေသူများအပြင်စက္ကူဒိုင်ပါဝယ်ယူထောက်ပံ့ကြေးရရှိသူများနေ့စဉ်သုံးပစ္စည်းများ၊(စက္ကူဒိုင်ပါ)ထောက်ပံ့လက်မှတ်ရရှိသူများကိုလည်းအမှိုက်အိတ် အခမဲ့ ထုတ်ပေးပါသည်။
Link
ဆက်သွယ်ရန် (問合せ先)
အမှိုက်စီမံရေးဌာန (廃棄物対策課) : 082-420-0926
တည်နေရာ : မြို့တော်ရုံး အဓိကအဆောက်အဦး ပထမထပ် (本館 1階)
- このページは役(やく)に立(た)ちましたか?
-
注意してください:
これらの 質問に 答えても 市役所から 返事は きません。聞きたいことが あるときは こちらから 聞いて ください。

更新日:2026年10月20日